အသက် (၃၀) မတိုင်ခင်ပြီးမြောက်သင့်သည့် Career ရည်မှန်းချက်များ

လုပ်ငန်းခွင်၀င်ရောက်နေသည့် လူငယ်များတွင်တိုးတက်အောင်မြင်လိုကြသည်မှာ လူငယ်တိုင်းလိုလိုပင် ဖြစ်ပေမည်။ မိမိလုပ်ကိုင်နေသည့်အသက်မွေး၀မ်းကျောင်း၊ လုပ်ငန်းခွင်တို့တွင် မိမိလိုချင်သည့်ရာထူး၊ လစာ တို့ကိုရရှိရန်မှာ စနစ်တကျရည်မှန်းချက်ချမှတ်ပြီး အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ကာ လုပ်ဆောင် သည့်အခါ ရရှိနိုင်ပေမည်ဖြစ်သည်။ ရည်မှန်းချက်များချမှတ်ရာတွင် စာအုပ်ထဲတွင် ချရေးထားခြင်းကို လုပ်ဆောင်ထားသင့်သည်။ သို့မှသာ မိမိချမှတ်ထားသည့်ရည်မှန်းချက်များကို မကြာခဏ ပြန်လည်ဖတ်ရှု ပြီး လိုအပ်ပါကပြင်ဆင်ဖြည့်ဆည်းနိုင်ပေသည်။ ထို့ကြောင့် အသက် (၃၀) မတိုင်မီ မိမိမျှော်မှန်းထားသည့် အောင်မြင်မှုများရရှိနိုင်ရန် အောက်ပါရည်မှန်းချက်များကိုအကောင်အထည်ဖော်လုပ်ဆောင်သင့်ပါသည်။

Read More
Laura ChoComment
အလုပ်တစ်ခုပြောင်းတော့မယ်ဆိုရင် ထည့်သွင်းစဉ်းစားသင့်သည့်အရာများ

အင်တာဗျူးတွေလုပ်တဲ့အခါတိုင်းမှာရော အလုပ်တစ်ခုကနေတစ်ခုကိုပြောင်းဖို့ကြိုးစားနေတဲ့သူတွေတွေ့တဲ့ အခါတိုင်းမေးဖြစ်တာက နောက်အလုပ်တစ်ခုပြောင်းတဲ့အခါဘယ်အချက်တွေကိုအဓိကထားစဉ်းစားသလဲ ဆိုတဲ့မေးခွန်းပါ။ ရာထူးအသီးသီးကလူရာပေါင်းများစွာကို အင်တာဗျူးလုပ်ခဲ့တဲ့အတွေ့အကြုံအရ အလုပ်တစ်ခုပြောင်းတော့မယ်ဆိုရင် ဦးစားပေးထည့်သွင်းစဉ်းစားကြတဲ့အရာတွေမတူညီကြတာတွေ့ရှိရပါ တယ်။

Read More
Laura ChoComment
Self Awareness ကောင်းအောင် ဘယ်လိုလုပ်ဆောင်မလဲ?

Emotional Intelligence ဆိုတာ ခုနောက်ပိုင်းမှာ လူပြောများတဲ့အကြောင်းအရာတစ်ခုပါ။ လူတစ်ယောက်တော်တာ အောင်မြင်တာသူ့ရဲ့ ဥာဏ်ရည် (IQ) ဆိုတာထက် စိတ်ခံစားချက်ဆိုင်ရာ ကောင်းမွန်မှု (EQ) ကပိုအရေးပါတယ်ဆိုပြီး ပြောလာကြပါတယ်။ Emotional Intelligence မှာ အဓိကအားဖြင့် အပိုင်းလေးပိုင်းပါပါတယ်။

၁) Self Awareness လို့ခေါ်တဲ့ မိမိကိုယ်ကိုယ်သိရှိမှု

Read More
Laura ChoComment
အလုပ်မပြောင်းခင် မေးသင့်သည့် မေးခွန်း (၇) ခု

အလုပ်တစ်ခုမှာမပျော်လို့ပဲဖြစ်ဖြစ် အဆင်မပြေလို့ပဲဖြစ်ဖြစ် နောက်အလုပ်တစ်ခုပြောင်းဖို့စဉ်းစားတဲ့အခါမှာ အများစုထည့်သွင်းစဉ်းစားတာက လစာဘယ်လောက်ပိုတောင်းသင့်သလဲ၊ ဘယ်ရာထူးလျှောက်သင့်သလဲ၊ စနေတနင်္ဂနွေပိတ်သလား စတဲ့အချက်လောက်သာ စဉ်းစားမိကျမယ်ထင်ပါတယ်။ တစ်ကယ်တမ်းတော့ အလုပ်တစ်ခုပြောင်းတော့မယ်ဆိုစပြီးစဉ်းစားတဲ့အခါမှာ ထည့်သွင်းစဉ်းစားသင့်တဲ့အရာတွေကအများကြီးပါ။ ဒီအများကြီးထဲကမှ အဓိကအချက် (ရ) ချက်ကို မျှဝေချင်ပါတယ်။

Read More
Laura Cho Comment
အလုပ်မှာအောင်မြင်ချင်လား Interpersonal Skill ကောင်းအောင်လုပ်ထား

Interpersonal skill ဆိုတာဘာလဲ?

Interpersonal skill ဆိုသည်မှာ လူတစ်ဦးတစ်ယောက်၊ အုပ်စုလိုက် အခြားသူများနှင့်ပြောဆိုဆက်ဆံသည့် အခါ နေ့စဉ်အသုံးပြုနေရသည့် life skill တစ်ခုဖြစ်ပါတယ်။ လူတစ်ယောက်မှာ interpersonal skill ကောင်းကောင်းရှိရင် သူ့ရဲ့ပရော်ဖက်ရှင်နယ်ဘ၀ နဲ့ လူမှုရေးဘ၀ နှစ်ခုလုံးမှာပိုအောင်မြင်ကြပါတယ်။ ဒါကြောင့် interpersonal skill ဟာ လုပ်ငန်းခွင်မှာပါ အရေးပါရုံမက ကျွန်ှပ်တို့ရဲ့လူမှုဘဝမှာအရေးပါပါ တယ်။

Read More
Laura Cho Comment
“တိုးတက်မှု” လား “လစာ” လား?

အလုုပ်တစ်ခုုလျှောက်ထားတဲ့အခါမှာပဲဖြစ်ဖြစ် အလုုပ်တစ်ခုုကနေနောက်တစ်ခုုပြောင်းတဲ့အခါမှာပဲ ဖြစ်ဖြစ် တိုုးတက်မှု နဲ့ လစာ ဟာအမြဲနှစ်ခုုထဲကတစ်ခုုကိုုရွေးချယ်ရတဲ့အခြေအနေမျိုးကြုံရတတ် ပါတယ်။ တစ်ခါတစ်လေ အလုုပ်လျှောက်တဲ့အခါမှာ တိုုးတက်မှု နဲ့ လစာဘယ်ဟာရွေးချယ်ရမှန်း မသိဖြစ်တတ်တာလဲရှိပါတယ်။ တိုုးတက်မှုရှိတဲ့အလုုပ်ကျ လစာမကောင်း၊ လစာကောင်းတဲ့အလုုပ်ကျ တိုုးတက်မှုမရှိ စတဲ့အခြေအနေမျိုးကိုုကြုံဖူးကြမှာပါ။

ဒီလိုုကြုံလာတဲ့အခါမှာ ဘယ်လိုုဆုံးဖြတ်ချပြီး ရွေးချယ်လေ့ရှိကြပါသလဲ?

Read More
Laura ChoComment
လုပ်ငန်းခွင်စိတ်ဖိစီးမှု (Work Stress) ကိုဘယ်လိုလျော့ချမလဲ??

လုပ်ငန်းခွင်စိတ်ဖိစီးမှုဆိုသည်မှာ မိမိ၏လုပ်ငန်းခွင်တွင်စိုးရိမ်စိတ်ခံစားရခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း နှင့် စိတ်ရှုတ်ထွေးဒေါသထွက်ခြင်းစသည်တို့ဖြစ်သည်။ လုပ်ငန်းခွင်စိတ်ဖိစီးမှုခံစားရသည့်အခါ စိတ်ဓာတ်ကျခြင်း၊ မောပန်းအားအင်ကုန်ခန်းခြင်း၊ အစာအိမ်နာခြင်း၊ အာရုံစူးစိုက်မရခြင်း နှင့် ညအိပ်မပျော်ခြင်း စသည့် လက္ခဏာများဖြစ်ပေါ်တတ်သည်။

ယနေ့ခေတ်ဝန်ထမ်းများတွင် လုပ်ငန်းခွင်စိတ်ဖိစီးမှုခံစားရမှုသည် အများအပြားဖြစ်ပေါ်လျက်ရှိသည်။

Read More
Laura ChoComment