အသက် (၃၀) မတိုင်ခင်ပြီးမြောက်သင့်သည့် Career ရည်မှန်းချက်များ

 
 
o-SUCCESS-AND-MOTIVATION-facebook.jpg
 
 

လုပ်ငန်းခွင်၀င်ရောက်နေသည့် လူငယ်များတွင်တိုးတက်အောင်မြင်လိုကြသည်မှာ လူငယ်တိုင်းလိုလိုပင် ဖြစ်ပေမည်။ မိမိလုပ်ကိုင်နေသည့်အသက်မွေး၀မ်းကျောင်း၊ လုပ်ငန်းခွင်တို့တွင် မိမိလိုချင်သည့်ရာထူး၊ လစာ တို့ကိုရရှိရန်မှာ စနစ်တကျရည်မှန်းချက်ချမှတ်ပြီး အချိန်အတိုင်းအတာတစ်ခုသတ်မှတ်ကာ လုပ်ဆောင် သည့်အခါ ရရှိနိုင်ပေမည်ဖြစ်သည်။ ရည်မှန်းချက်များချမှတ်ရာတွင် စာအုပ်ထဲတွင် ချရေးထားခြင်းကို လုပ်ဆောင်ထားသင့်သည်။ သို့မှသာ မိမိချမှတ်ထားသည့်ရည်မှန်းချက်များကို မကြာခဏ ပြန်လည်ဖတ်ရှု ပြီး လိုအပ်ပါကပြင်ဆင်ဖြည့်ဆည်းနိုင်ပေသည်။ ထို့ကြောင့် အသက် (၃၀) မတိုင်မီ မိမိမျှော်မှန်းထားသည့် အောင်မြင်မှုများရရှိနိုင်ရန် အောက်ပါရည်မှန်းချက်များကိုအကောင်အထည်ဖော်လုပ်ဆောင်သင့်ပါသည်။

🔑 အွန်လိုင်း Profile ကောင်းတစ်ခုကိုတည်ဆောက်ပါ။

ယခုခေတ်မှာ technology နဲ့ အင်တာနက်ဟာ အရမ်းအရေးပါတဲ့အခန်းဏ္ဍမှာပါ၀င်လာပါတယ်။ လူတိုင်းနီးပါး facebook သုံးနေကျသလို လုပ်ငန်းခွင်ကလူတွေလည်း Linkedin လို ပရော်ဖက်ရှင်နယ် networking ဆိုဒ်တွေသုံးနေကြပါပီ။ ဒါကြောင့် ကိုယ်ရဲ့အွန်လိုင်း Profile ဟာ ဘယ်နေရာမှာပဲဖြစ်ဖြစ် (facebook, LinkedIn, Google စသည်ဖြင့်) အလုပ်ခန့်သူတွေကကိုယ့်နာမည်နဲ့ရှာဖွေကြည့်တဲ့အခါမှာ ကိုယ့်ရဲ့ပုံရိပ်ကိုထိခိုက်စေမဲ့အရာတွေကို ရှောင်ကြည့်လုပ်ဆောင်ထားသင့်ပါတယ်။ LinkedIn လို ပရော်ဖက်ရှင်နယ် networking ဆိုဒ်မှာလည်း ကိုယ့်လုပ်ငန်းနယ်ပယ်နဲ့ပတ်သက်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ ထားခြင်းဖြင့် ကိုယ့်ရဲ့ career ကိုအထောက်အကူကောင်းဖြစ်စေနိုင်ပါတယ်။

🔑 ကိုယ်လိုချင်တဲ့လစာပမာဏသတ်မှတ်ပါ။

လူတိုင်းလစာကောင်းကောင်းရချင်လိုချင်ကြပါတယ်။ သို့သော်လည်း မိမိလိုချင်တဲ့ပမာဏကို တိတိကျကျ သတ်မှတ်ထားခြင်း၊ နှစ်အလိုက်ရည်မှန်းချက်ချလုပ်ဆောင်ခြင်းတို့ကိုတော့လုပ်ဆောင်မိကြမှာမဟုတ်ပါဘူး။

ကိုယ်လက်ရှိရောက်နေတဲ့ရာထူးကနေ နောက်အဆင့်တွေတက်လှမ်းတဲ့အခါ နောက်အလုပ်ပြောင်းဖြစ်တဲ့ အခါ ကိုယ်ရည်မှန်းထားတဲ့ရာထူးအလိုက် လစာပမာဏဘယ်လောက်ရအောင်လုပ်ဆောင်မလဲဆိုတဲ့ ရည်မှန်းချက်ကိုလည်း ချမှတ်ထားသင့်ပါတယ်။ လက်ရှိအလုပ်ရဲ့လစာကကိုယ်လိုချင်တဲ့ပမာဏမဟုတ် သေးရင် ပိုတိုးလာအောင်ပရောဂျက်အသစ်တွေတာ၀န်ယူလုပ်ဆောင်မလား သို့မဟုတ် ရာထူးတိုးအောင် ဘာတွေလိုအပ်လဲလေ့လာပြီး ရာထူးတိုးရရှိအောင်လုပ်ဆောင်မလားဆိုတာတွေကို လုပ်ဆောင်ခြင်းဖြင့် ကိုယ့်ရည်မှန်းထားတဲ့ပမာဏကို ရရှိနိုင်ပါတယ်။

🔑 အရည်အချင်းတွေဖြည့်ဆည်းပါ။

အသက် (၃၀) မတိုင်ခင်မှာ ကိုယ်ရဲ့အသက်မွေး၀မ်းကျောင်းတစ်ခုကိုခိုင်ခိုင်မာမာရွေးချယ်သင့်ပါတယ်။ ကိုယ်ရဲ့အသက်မွေး၀မ်းကျောင်းအလုပ်ကိုသေချာသိရှိရွေးချယ်ပြီးတဲ့အခါ ဒီလမ်းကြောင်းမှာဘယ်အဆင့် ထိရောက်ရှိလိုသလဲဆိုတဲ့ ရည်မှန်းချက်ကိုချမှတ်ထားသင့်ပါတယ်။ ကိုယ်ရောက်ရှိလိုတဲ့အဆင့်ကို သိရှိတဲ့အခါ လက်ရှိအနေအထားအရ နောင်တစ်ချိန်မှာလိုအပ်လာမည့်အရည်အချင်းတွေကို ကြိုတင်ဖြည့်ဆည်းထားနိုင်မှာဖြစ်ပါတယ်။ အရည်အချင်းလို့ပြောတဲ့အခါမှာ Hard skill (လုပ်ငန်းပိုင်းဆိုင်ရာ) နဲ့ Soft skill (communication, team work စသည်ဖြင့်) ဆိုပြီးနှစ်မျိုးရှိပါ တယ်။ ဒီနှစ်မျိုးမှာ ရာထူးကြီးလာတာနဲ့အမျှ soft skill တွေကပိုအရေးကြီးလာပါတယ်။

🔑 ခေါင်းဆောင်မှုအရည်အချင်းကိုပျိုးထောင်ပါ။

ခေါင်းဆောင်မှုအရည်အချင်းဆိုတာ ရာထူးနေရာတစ်ခုရောက်မှရှိသင့်တဲ့အရာတစ်ခုမဟုတ်ပါဘူး။ လူတိုင်းမှာ အနည်းဆုံးတော့ကိုယ့်ကိုယ်ကိုဦးဆောင်နိုင်တဲ့ အရည်အချင်းရှိသင့်ပါတယ်။ လုပ်ငန်းခွင်မှာလည်း ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေအကြားမှာ ကိုယ်ကဦးဆောင်နိုင်တဲ့အရည်အချင်းကို လေ့ကျင့်ပျိုးထောင်သင့်ပါတယ်။ ရာထူးငယ်ထဲကခေါင်းဆောင်မှုအရည်အချင်းကို ပျိုးထောင်ထားရင် ရာထူးကြီးလာတဲ့အခါ ကိုယ့်အတွက်လူအများကိုဦးဆောင်ရတာမခက်ခဲတော့ဘဲ အများကလက်ခံယုံကြည် တဲ့ခေါင်းဆောင်နေရာကိုလည်း ရရှိနိုင်ပါတယ်။

🔑 အများနှင့်ပူးပေါင်းလုပ်ဆောင်တတ်အောင်ပြုမူပါ။

လုပ်ငန်းခွင်ဆိုတာ လူအများနဲ့ပူးပေါင်းလုပ်ဆောင်ရတဲ့နေရာတစ်ခုပါ။ မိမိကဘယ်လောက်ပဲတော်နေပါစေ ကိုယ်တစ်ယောက်တည်းနဲ့ပြီးမြောက်အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ဆိုတာ မလွယ်ကူလှပါဘူး။ ဘယ်ရာထူးမှာပဲဖြစ်ဖြစ် အထူးသဖြင့် ရာထူးကြီးလာလေလေကိုယ့်ရဲ့လက်အောက်ငယ်သားများ၊ အခြားဌာနများနဲ့ပူးပေါင်းလုပ်ဆောင်မှသာ ကိုယ်လိုချင်တဲ့ရလဒ်ကိုရရှိနိုင်မှာဖြစ်ပါတယ်။ မတူညီတဲ့ကြတဲ့သူ အများနဲ့လုပ်ကိုင်ရတဲ့အခါ ညှိနှိုင်းဆောင်ရွက်နိုင်မှု၊ ပြောဆိုဆက်ဆံမှု နဲ့ ပူးပေါင်းလုပ်ဆောင်နိုင်မှုတို့ဟာ အရေးပါတဲ့အရည်အချင်းတွေပဲဖြစ်ပါတယ်။

Laura Cho

 
Laura ChoComment