လုပ်ငန်းခွင်စိတ်ဖိစီးမှု (Work Stress) ကိုဘယ်လိုလျော့ချမလဲ??

လုပ်ငန်းခွင်စိတ်ဖိစီးမှုဆိုသည်မှာ မိမိ၏လုပ်ငန်းခွင်တွင်စိုးရိမ်စိတ်ခံစားရခြင်း၊ ယုံကြည်မှုပျောက်ဆုံးခြင်း နှင့် စိတ်ရှုတ်ထွေးဒေါသထွက်ခြင်းစသည်တို့ဖြစ်သည်။ လုပ်ငန်းခွင်စိတ်ဖိစီးမှုခံစားရသည့်အခါ စိတ်ဓာတ်ကျခြင်း၊ မောပန်းအားအင်ကုန်ခန်းခြင်း၊ အစာအိမ်နာခြင်း၊ အာရုံစူးစိုက်မရခြင်း နှင့် ညအိပ်မပျော်ခြင်း စသည့် လက္ခဏာများဖြစ်ပေါ်တတ်သည်။

ယနေ့ခေတ်ဝန်ထမ်းများတွင် လုပ်ငန်းခွင်စိတ်ဖိစီးမှုခံစားရမှုသည် အများအပြားဖြစ်ပေါ်လျက်ရှိသည်။ လုပ်ငန်းခွင်တွင်အရာရာတိုင်းသည် မိမိ၏ထိန်းချုပ်မှုအောက်တွင်မရှိသော်လည်း စိတ်ဖိစီးမှုမခံစားရစေရန် မိမိအနေဖြင့်ကာကွယ်နိုင်သည့် အောက်ပါအချက်များကိုလုပ်ဆောင်နိုင်သည်။

#၁။ စိတ်ဖိစီးမှုဖြစ်စေသည့်အချက်များကိုရှာဖွေပါ။

စိတ်ဖိစီးမှုခံစားရမှုမိမိတွင်အမြဲဖြစ်ပေါ်နေပါက ထိုသို့ခံစားရစေသည့်အကြောင်းအရင်းကိုရှာဖွေပါ။ မည်သည့်အခြေအနေတွင် မိမိအနေဖြင့်စိတ်ဖိစီးမှုခံစားရစေပြီး မည်သို့တုံ့ပြန်မိသနည်းကိုသတိပြုကြည့်ပါ။ ထိုအချိန်တွင်ဖြစ်ပေါ်လာသည့် စိုးရိမ်စိတ်၊ အတွေး၊ body language နှင့် ဖြစ်ပေါ်လာသည့်အကျိူးဆက် များကို သတိထားလေ့လာကြည့်ပါ။ တချို့အချိန်များတွင် မလိုအပ်ဘဲစိတ်ဖိစီးမှုခံစားနေရခြင်းဖြစ်သည်ကို တွေ့ရှိသည့်အခါ မိမိအနေဖြင့်ထိုသို့ဖြစ်စေသည့်အတွေးများကို လျော့ချနိုင်မည်ဖြစ်သည်။

#၂။ အားကစားလုပ်ဆောင်ပါ။

စိတ်ဖိစီးမှုခံစားနေရသည်ဟု သတိပြုမိလျှင်ဖြေဖျောက်ရန်အကောင်းဆုံးနည်းလမ်းမှာ စိတ်ပါဝင်စားသည့် အားကစားတစ်ခုခုလုပ်ဆောင်ခြင်းဖြစ်သည်။ gym သွားကစားမှမဟုတ်ဘဲ အလွယ်တကူလုပ်ဆောင်နိုင် သည့် yoga ကစားခြင်း၊ ပြေးခြင်း နှင့် လမ်းလျှောက်ခြင်းတို့လုပ်ဆောင်နိုင်သည်။

#၃။ အလုပ် နှင့် ကိုယ်ပိုင်အချိန်ခွဲခြားထားပါ။

တစ်နေ့တာတွင် အလုပ်ချိန်ပြီးသည့်အခါ အနည်းဆုံးနှစ်နာရီမိမိ၏ကိုယ်ပိုင်အချိန်သတ်မှတ်ပြီး အနားယူခြင်း၊ မိသားစုအားအချိန်ပေးခြင်း၊ စိတ်ပါဝင်စားသည့်အရာများ - စာဖတ်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်း၊ အင်တာနက်အသုံးပြုခြင်း စသည်ဖြင့် မိမိနှစ်သက်သည့်ပုံစံဖြင့်အနားယူပါ။

#၄။ လုပ်ငန်းခွင်တွင် ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ပါ။

တစ်နေ့တာ ၂၄ နာရီ၏သုံးပုံတစ်ပုံထက်ပိုသောအချိန်သည် အလုပ်တွင်ကုန်ဆုံးရခြင်းဖြစ်သည်။ ထို့ကြောင့် လုပ်ငန်းခွင်တွင် မိမိ၏လုပ်ဖော်ကိုင်ဖက်များနှင့်ကောင်းမွန်သည့်ဆက်ဆံရေးတည်ဆောက်ထားခြင်းဖြင့် ပျော်ရွှင်ဖွယ်ကောင်းသောလုပ်ငန်းခွင်တွင် စိတ်ဖိစီးမှုလျော့ချနိုင်သည်။

#၅။ အိပ်ရေးဝအောင်အိပ်စက်အနားယူပါ။

စိတ်ဖိစီးမှုဖြစ်စေသည့်အကြောင်းအရင်းတစ်ခုတွင် အိပ်ရေးမဝသည့်အခါ မလန်းဆန်းခြင်း နှင့် စိတ်မကြည်ခြင်းတို့ကြောင့် လုပ်ငန်းခွင်တွင်စိတ်ဖိစီးမှုကိုဖြစ်ပေါ်စေနိုင်သည်။ ထို့ကြောင့် ကောင်းမွန်စွာအိပ်စက်အနားယူခြင်းဖြင့်လည်း စိတ်ဖိစီးမှုကိုလျော့ချနိုင်သည်။

Laura Cho

Laura ChoComment